လူကလေး
သည်စာကို ရေးနေချိန်မှာ မင်းတို့ အရှေ့ဘက်ဆီ နိုင်ငံခြားကို ထွက်ခွာသွားကြပါပြီ။ မင်းမရှိဆဲမှာ သီရိခေတ္တရာက လာတိုက်လို့ ကျွန်ုပ်သေသွားရင် သည်စာနဲ့ မင်းကို နှုတ်ဆက်ပါတယ်။
မင်းကို မေတ္တာပြန်နှင်းပါတယ် လူကလေး။ မင်းရဲ့ မေတ္တာထက်ပိုတဲ့ မေတ္တာကို ပြန်နှင်းပါတယ်။ မင်းအပေါ် ကျွန်ုပ် မှားယွင်းခဲ့သမျှကို ခွင့်လွှတ်ဖို့ ကျွန်ုပ် အကြိမ်ကြိမ် တောင်းပန်ပါတယ်။
ကျွန်ုပ် မသေနိုင်လို့ ရန်သူ့လက်ပါသွားရင် မင်း ဆက်ဆက်သာ စောင့်နေပါကွယ်။ မင်းဆီကို ကျွန်ုပ် အရောက်ပြန်လာခဲ့ပါမယ်။
မင်းနဲ့ အဝေးမခံနိုင်ပါဘူး … လူကလေးရေ့ …။
မင်းထုတဲ့ ရုပ်တု၊ ခြုံလွှာပုဝါ၊ သရဖူ၊ အသည်းနှလုံးများကို မင်းဆီမှာ အပ်နှံထားခဲ့ပါတယ်။
မဟူရာမေတ္တာ (နိုင်ဝင်းဆွေ)
ဘိုင့်ရီး~~
(Sat 17, Feb)